(သင်္ခါရ- အဘိသင်္ခါရတရားတို့သည်၊ ၀ယဓမ္မာ- ပျက်စီးခြင်းသဘောရှိကြပါပေကုန်၏၊ အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့၊)
မကောင်းတာ တွေကို မကောင်းမှန်း သိတယ် …
လုပ်ဖြစ် နေသေးတယ် ဆိုရင် …
ကောင်းတာတွေ ကိုကောင်းမှန်းတော့ သိတယ် …
မလုပ်ဖြစ်သေးဘူး ဆိုရင် …
ကိုယ့် အသိဥာဏ်ကို ကိုယ်စော်ကားနေတာပဲ … အသိဥာဏ်ရှုံးသွာတာပဲဖြစ်တယ် …
ကောင်းတာကို ကောင်းသလို လုပ်ရဲကိုင်ရဲ တာဟာ ကုသိုလ်တရားနဲ့ ယှဉ်လို့  သတ္တိ လို့ ခေါ်တယ်။ အစွမ်းရှိတယ်လို့ ခေါ်တယ်။
မျက်နှာပြောင်တိုက်ရဲတာ - မှောက်မှားရဲတာ - သတ်ဖြတ်ရဲတာ အဲဒီမကောင်းသောအကုသိုလ်နဲ့ ယှဉ်ပြီး
ဖြစ်တဲ. လုပ်ရဲကိုင်ရဲမှုက မိုက်မဲတာလို့ ခေါ်တယ်။ အသုံးမကျတာလို့ ခေါ်တယ်။
ကောင်းတာဘာလို့ မလုပ်ရဲတာလဲ မလုပ်နိုင်ကြတာလဲ ဆိုတော့ - ရှင်းပါတယ် သတ္တိမရှိလို့ ပါ။
လူ့ သဘောကိုက အကောက်အကွေ့ အရှုပ်အပွေသဘောကျတာ
သိပ်ရိုးဖြောင့်နေရင် အထင်သေးမယ် ဂုဏ်ကျေးဇူးမဲ့ အောင်လုပ်မယ် ဒါသဘာဝ ပဲ။
လုပ်စမ်းပါစေ … ဘယ်လောက်လုပ်နိုင်မလဲ …။
မှန်တာပြောလို့ အဆိပ်သောက်သေဆိုလဲ သေလိုက် …အဲဒီလို သတ္တိမျိုး မရှိလို့ 
ကိုယ်ဘ၀ကိုသူများအကြိုက်လိုက်ပြီး လိုက်လျှောညီထွေ ဆိုပြီးနေလိုက်တာ…
အမှန်တရားဆို တာ အပျင်းပြေ ပုံပြင်ဖြစ်နေတယ် …။
လောကဓမ္မရဲ့ သတ္တိတွေ ဆုတ်ယုတ်ပျက်စီးလာရတယ်။
ကိုယ်မှာခိုင်မာတဲ့ အသိတရားကို မြင်ပြီးတဲ့ သူတစ်ယောက်ဆိုရင် …
ဟော ဒီလောကကြီး တစ်ခုလုံးက ၀ိုင်းပြီး ဖျက်စမ်းပါစေ… ပယ်ကြစမ်းပါစေ …
ကိုယ်လျှောက်မယ့်လမ်းက တလှမ်းမှ တွန့် ဆုတ်သွားမှာမဟုတ် …။
ဒီလိုမျိုး သတ္တိရှိတယ်….. လောကဥတ္တရာ … လောကကိုလွန်မြောက်သွားနိုင်မယ့် သတ္တိမျိုး ရှိတယ်။
ဒါကြောင့် ဓမ္မတရား ရင်ထဲကိန်းသူတွေဟာ သတ္တိအင်မတန်ရှိတယ် … အင်မတန်စင်ကြယ်တယ် …
အင်မတန်ဖြောင့်မတ်တယ် … ဒီလို ဂုဏ်ကျေးဇူးတွေကို တောရုံတန်ရုံ သတ္တိဗလ ဇွဲဆန္ဒ တွေနဲ့ တော့
မရဘူး ။ ဆိုလိုတာက တရားလုပ်သူတွေဟာ ပျော့ပျော့ညံ့ညံ့မဟုတ်ဘူး လို့ ဆိုလို တာပဲ
ဥာဏ်မမှီ တဲ့သူတွေကတော့ ထင်ချင်သလိုထင်မယ် ဆိုချင်သလိုဆိုမယ်။
ဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာ တန်ဖိုး သိမှ တန်ဖိုးရှိမယ် တန်ဖိုးရှိမှလဲ အဖိုးတန်မယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment